နံရံကပ်စာပေရေချမ်းစင်အိတ်ငယ်များသို့ စာအုပ်စာစင်သစ်များ ဖြည့်ဆည်းပေးခြင်းဆောင်ရွက်

နံရံကပ်စာပေရေချမ်းစင်အိတ်ငယ်များသို့ စာအုပ်စာစင်သစ်များ ဖြည့်ဆည်းပေးခြင်းဆောင်ရွက်ခမောက်ကြီး    မေလ    (၁၉)ရက်    တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့နယ်  ရပ်ကွက်နှင့် ကျေးလက်ဒေသရှိကျေးရွာများတွင်  တက်သစ်စလူငယ်များနှင့်  ဒေသခံပြည်သူများ အဆိုးအကောင်းအမှားအမှန်တို့ကို   ဝေဖန်ပိုင်းခြားတက်ရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်ကာ  လမ်းဆုံလမ်းခွ၊လှေဆိပ်၊ကားဂိတ်၊ ဌာနဆိုင်ရာရုံးများ၊လ္ဘက်ရည်ဆိုင်၊ ရတနာသိင်္ဃကျောင်းစသော လူစည်ကားရာနေရာများတွင်စာပေရေချမ်းစင်အိတ်ငယ်များ    စာစင်သစ်ဖြည့်ဆည်းပေးခြင်းကို    မေလ (၁၉)ရက်   နံနက်ပိုင်းက  ဖြည့်ဆည်းပေးခြင်းကိုဆောင်ရွက်ပေးခဲ့သည်။  

ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမိုင်တိုင်အမှတ်(၂၃၈/၁နှင့်၂၃၈/၂ကြား)ယဉ်တိမ်းမှောက်မှုဖြစ်ပွါး

ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမိုင်တိုင်အမှတ်(၂၃၈/၁နှင့်၂၃၈/၂ကြား)ယဉ်တိမ်းမှောက်မှုဖြစ်ပွါးခမောက်ကြီး    မေ(၁၉)         တနင်္သာရီတိုင်းခမောက်ကြီး  ကော့သောင်း-ဘုတ်ပြင်းလမ်း  မိုင်တိုင်အမှတ်(၂၃၈/၂)ကြား ခမမပMM-575457တွင် မေလ(၁၉)ရက်  (၁ရး၄၀)အချိန်ခန့်တွင်  ဒုရဲအုပ်ရဲဝင်းအောင်သည်ရဲစခန်း၌  တာဝန်မှူးတာဝန်ဆောင်ရွက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။    ဖြစ်စဉ်မှာ ယဉ်မောင်းအောင်စစ်သွင်(၂၇)နှစ်(ဘ)ဦးမျိုးလွင် ၈/တတက(နိုင်)၁၃၇၈၅၅ ဗမာ၊ဗုဒ္ဓ မြိတ်မြို့နေထိုင်သူသည်   အရောင်းတာဝန်ခံ   မောင်အားမာန်ပြည့်(၂၀)နှစ်   (ဘ)ဦးဝင်းဌေး  အမှတ်(၃) ခရေပင်လမ်းမြစ်ငယ်ရပ်   မြိတ်မြို့နေသူလိုက်ပါလျက်  CROWN   တ

နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးကျင်းပ။

နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးကျင်းပ။ကော့သောင်း ၊ မေလ   ၂၂ ရက်    မြန်မာနိုင်ငံ ကော့သောင်းမြို့ နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့ နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး  Border Cooperation on Anti-Trafficking in Persons  (BCATIP) အစည်းအဝေးတစ်ရပ် မေလ ၂၂ ရက် နံနက် ပိုင်း က ထိုင်းနိုင်ငံ ရနောင်းမြို့ Tinidee Hotel   တွင်ကျင်းပပြုလုပ်သည်။        အစည်းအဝေးတွင် အိမ်ရှင်ထိုင်းနိုင်ငံ လူပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှု နှင့် လူသားလုံခြုံရေး ဆိုင်ရာဌာန ၊ ရနောင်းခရိုင် ဌာနမှူး ၊ရနောင်း-ကော့သောင်း (BCATIP) ဥက္ကဌ မစ



ကလေးစာပေပွဲတော်နှင့် စာအုပ်စျေးရောင်းပွဲတော်(တောင်ကြီး)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးစာပေပွဲတော်နှင့် စာအုပ်စျေးရောင်းပွဲတော် (တောင်ကြီး) အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီး နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပွဲတော်ကျင်းပရေးဆပ်ကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိစေရေး ရှင်းလင်းဆွေးနွေး

ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိစေရေး ရှင်းလင်းဆွေးနွေး
ဘားအံ မေ ၂၂
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအကြား ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့အမှတ်(၂)နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး စွမ်းရည်မြှင့်သင်တန်းပို့ချ

စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး စွမ်းရည်မြှင့်သင်တန်းပို့ချ
ဘားအံ မေ ၂၂
ကရင်ပြည်နယ်အတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၁၇) ကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

သဘာဝ​ဘေးအန္တရာယ်​ကာကွယ်​​ရေးအ​ထောက်​အကူပြုပစ္စည်းများလာ​ရောက်​ရှင်းလင်းပြသ

ပဲခူး ​မေ၂၂
မေလ(၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးတိုင်း​ဒေသ ကြီးအစိုးရအဖွဲ့ရုံးဝန်ကြီးချုပ်ထံသို့​ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းအထောက် အကူဖြစ်စေရန် တန်ဖိုးနည်းရေကြီးမှု ကြိုတင်သတိပေးစနစ် (Low-cost Flood Early Warning System) ပစ္စည်းများအား Myanmar Inter Tropical Convergence Zone Trading (ITCZ) Co., Ltd မှ လာရောက်ရှင်းလင်း ပြသခဲ့သည်။

ဝေါမြို့နယ် စည်ပင်သာယာရေးကော်မတီများ ရွေးချယ်ရေးဆိုင်ရာနည်း ဥပဒေနှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာများရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဝေါ မေ၂၂
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်စည်ပင်သာယာရေး ကော်မတီများ ရွေးချယ်ရေးဆိုင်ရာ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာရှင်းလင်းပွဲကို မေလ၂၂ ရက်နေ့ နံနက် ၉း၃၀ အချိန်က ဝေါမြို့နယ်ခန်းမတွင် ပြုလုပ်ကျင်းပသည်။

မိုးသက်လေပြင်းကျရောက်သဖြင့် နေအိမ်များ အမိုးလန်၊ သစ်ပင်များပြိုလဲမှုများဖြစ်ပွား

မကွေး  မေ   ၂၂    မကွေးမြို့တွင် ယမန် ညနေ(၅)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းများတိုက်ခတ်သဖြင့် ကားဆိုင်ကယ်၊ နေအိမ်များပေါ်သို့သစ်ပင်များလဲကျခြင်းများဖြစ်ပွားခဲ့ပါသည်။     မိုးရွာသွန်းမှုကြောင့် မကွေးမြို့ အိုးဘိုရပ်တွင်နေအိမ်တစ်လုံး ပေါ်သို့ စိန်ပန်းပင်လဲကျခြင်း၊ဆုံရပ်(၁၁)လမ်းရှိ ရပ်ထားသည် ဆိုင်ကယ်(၂)စီး၊ ကား(၁)စီးပေါ်သို့ကုက္ကိုလ်ပင်လဲကျခြင်းမြို့ဟောင်းရပ်ကွက်အတွင်း နေအိမ်များနှင့်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့ အမိုးလန်ခြင်းများဖြစ်ပွားခဲ့ပါသည်။အဆိုပါနေရာများသို့ မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ပြီး သစ်ပင်များခုတ်ထွင်ရှင်းလင်းပေးခြင်းများကို ချက်ချင်းလိုက်လံဆောင်

Pages